Slider

Category: 2019

၅.၄.၂၀၁၉

၅.၄.၂၀၁၉

ယောဟန် ၅:၃၀-၄၇ 30 ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည် ကြားသည်အတိုင်း တရားစီရင်၏၊ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏အလိုသို့ လိုက်၏။ 31 ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေမတည်။- 32 ငါ၏အကြောင်းကို သက်သေခံသောသူ တစ်ပါးရှိသေး၏။ ထိုသူ၏သက်သေတည်ကြောင်းကို ငါသိ၏။- 33 သင်တို့သည် ယောဟန်ထံသို့စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။-Ref 34 သို့သော်လည်း လူပေးသောသက်သေကို ငါသည်ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။- 35 ယောဟန်သည် ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ […]

၄.၄.၂၀၁၉

၄.၄.၂၀၁၉

ဟေ​ရှာ​ယ ၄၀:၁၈-၂၈ 18 သို့ဖြစ်၍၊ ဘုရားသခင်ကို အဘယ်သို့ ပုံပြရအံ့နည်း။ ဘုရားသခင်နှင့် အဘယ်မည်သော ပုံသဏ္ဌာန်တူသည်ဟု ဆိုရအံ့နည်း။Ref 19 ပန်းတဉ်းသမားသည် ရုပ်တုကိုသွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။ 20 အဖိုးထိုက်သော အလှူကို မလှူနိုင်သောသူသည်၊ မဆွေးမြေ့တတ်သော သစ်သားကိုရွေးကောက်ပြီးမှ၊ မြဲမြံသောရုပ်တုကို လုပ်စေခြင်းငှာ၊ လိမ္မာသောလက်သမားကို ရှာတတ်၏။ 21 သင်တို့သည် မသိကြသလော။ မကြားကြသလော။ ရှေ့ဦးစွာမှစ၍ သင်တို့အား မဖော်မပြသလော။ မြေကြီးတည်သည် အကြောင်းကို နားမလည်ကြသလော။ 22 မြေကြီးစက်အပေါ်မှာ ထိုင်၍၊ မြေကြီးသားတို့ကို နှံကောင်ကဲ့သို့ မှတ်တော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်၍၊ နေစရာတဲကဲ့သို့ ဖြန့်တော်မူထသော၊ 23 […]

၃.၄.၂၀၁၉

၃.၄.၂၀၁၉

ယောဟန် ၈:၁၂-၁၉ 12 တစ်ဖန်တုံယေရှုက၊ ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ အသက်၏အလင်းကိုရလိမ့်မည်ဟု မိန့်တော်မူ၏။-Ref 13 ဖာရိရှဲတို့ကလည်း၊ သင်သည် ကိုယ်အကြောင်းကိုသက်သေခံ၏၊ သင်၏သက်သေမတည်ဟု ဆိုကြ၏။-Ref 14 ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်က လာသည်ကိုလည်းကောင်း၊ အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း ငါသိ၏။ သင်တို့မူကား မသိကြ။- 15 သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။- 16 ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား။ ငါသည် တစ်ယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌နေတော်မူ၏။- […]

၂.၄.၂၀၁၉

၂.၄.၂၀၁၉

ရောမ ၁:၁၈-၂၁ 18 သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တစ်ဖက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။- 19 အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။- 20 အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ ရိမ့ၤ ၁:၁၈-၂၁ 18 အဂ့ၢ်ဒ်အံၤ, ယွၤအတၢ်သးဒိၣ်ထီၣ်ဖျါထီၣ်လၢမူခိၣ် ထီဒါ ပှၤလၢအဟံးဃာ်တၢ်မ့ၢ်တၢ်တီလၢတၢ်တတီတ လိၤဘၣ်အပူၤ, အတၢ်တယူးတယီၣ်ဘၣ်ယွၤ,ဒီးအတၢ် တတီတလိၤဘၣ်ခဲလၢာ်န့ၣ်လီၤ. 19 […]

၁.၄.၂၀၁၉

၁.၄.၂၀၁၉

ဟေဗြဲ ၁:၁-၁၄ 1သားတော်အားဖြင့်ပေးသောဗျာဒိတ် ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။- 2 ထိုသားတော်ကို အလုံးစုံတို့၏ အမွေခံသခင်အရာ၌ ခန့်ထားတော်မူ၏။ သားတော်အားဖြင့်လည်း လောကဓာတ်တို့ကို တည်တော်မူ၏။- 3 ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏ လက်ယာဘက်၌ ထိုင်တော်မူ၏။ သား​တော်​၏​ကြီး​မြတ်​ခြင်း 4 ကောင်းကင်တမန်တို့ရသော ဘွဲ့နာမထက် ထူးမြတ်သော ဘွဲ့နာမတော်ကို ခံရသည်နှင့်အညီ၊ ကောင်းကင်တမန်တို့ထက် ကြီးမြတ်သောသူ ဖြစ်တော်မူ၏။- 5 […]

၂၉.၃.၂၀၁၉

၂၉.၃.၂၀၁၉

ဂလာတိ ၃:၂၄-၂၉ 24 ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍ ငါတို့၏ အထိန်းဖြစ်သတည်း။- 25 ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှ လွတ်ကြ၏။- 26 အဘယ်သို့နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။- 27 ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။- 28 ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။- 29 ခရစ်တော်နှင့်စပ်ဆင်လျှင်အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ကတိတော်အတိုင်း အမွေခံ၏အရာ၌ […]

၂၈.၃.၂၀၁၉

၂၈.၃.၂၀၁၉

သုတ္တံ ၃:၁-၁၄ 1ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ 2 အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။ 3 ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။ 4 ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့ လူတို့ရှေ့မှာမျက်နှာရ၍၊ ကျေးဇူးကိုခံရလိမ့်မည်။Ref 5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ 6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ 7 ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။Ref 8 သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် […]

၂၇.၃.၂၀၁၉

၂၇.၃.၂၀၁၉

ယောဟန် ၁၇:၂၁-၂၆ 21 ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှာ+ ဆုတောင်းပါ၏။- 22 ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ရှိ၍၊- 23 ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍၊ တစ်လုံးတစ်ဝတည်း၌ စုံလင်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ။- 24 အို အဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်၍ […]

၂၄.၃.၂၀၁၉

၂၄.၃.၂၀၁၉

ဆာလံ ၁၅:၁-၁၁ 1 အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ 2 ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ။ 3 ပြည်တော်၌နေသောသန့်ရှင်းသူနှင့် ထူးဆန်းသောသူတို့ကိုသာ နှစ်သက်ပါ၏။ 4 အခြားသောလမ်းသို့ လိုက်ပြေးသောသူတို့သည် များစွာသောဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သကာအသွေးကို မလှူမဆက်လို။ သူတို့ဘုရား၏နာမကို မမြွက်လို။ 5 ထာဝရဘုရားသည် ငါအမွေခံရာအဖို့၊ ငါစားသောက်ရာအဖို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။ 6 ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။ 7 ငါ့ကိုပြုစုတော်မူသော ထာဝရဘုရားကို […]

၂၃.၃.၂၀၁၉

၂၃.၃.၂၀၁၉

၁ ဓမ္မရာဇဝင် ၂:၁-၉ 1တစ်ဖန် ဟန္နသည် ပတ္ထ​နာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။Ref 2 ထာဝရဘုရား သန့်ရှင်းတော်မူသကဲ့သို့ အဘယ်သူမျှ မသန့်ရှင်း။ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမရှိ။ 3 ငါတို့ ဘုရားသခင်ကဲ့သို့သော ခိုလှုံစရာမရှိ။ ကိုယ်ကိုယ်ကို မချီးမြှောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မစကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သဗ္ဗညုတဘုရား ဖြစ်တော်မူ၏။ အမှုအရာတို့ကို ညှိညွှတ်တော်မူ၏။ 4 သူရဲတို့ ကိုင်သောလေးများကျိုးလျက်၊ လဲတတ်သောသူတို့သည် ခွန်အားနှင့်ပြည့်စုံလျက် ရှိကြ၏။ […]