Slider

Category: November

၂၉.၁၁.၂၀၁၈

၂၉.၁၁.၂၀၁၈

ရှင်ပေတရု​ဩဝါဒစာ​ပဌမစောင်။ ၁:၁-၁၂ ၁ယေရှုခရစ်၏ တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖြန်းခြင်းကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဥာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူတည်းဟူသော၊ ၂ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော။ ၃အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ၄ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော […]

၂၈.၁၁.၂၀၁၈

၂၈.၁၁.၂၀၁၈

တမန်တော်ဝတ္ထု။ ၁၀:၁-၁၆ ၁ကဲသရိမြို့၌ ဣတလိတပ်ဟု ခေါ်ဝေါ်သော တပ်တွင် လူတရာ ကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည် တွင်သော သူတယောက်ရှိ ၏။ ၂ထိုသူသည် မိမိအိမ်တွင်ရှိသမျှသော သူတို့နှင့်တကွ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့် လူတို့အားများစွာသော စွန့်ကြဲ ခြင်းကိုပြု၍ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။ ၃တနေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရား သခင်၏ ကောင်းကင်တမန်သည်၊ ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည် ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။ ၄ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည် ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါ သနည်းဟု မေးသော်၊ ကောင်းကင် တမန်က၊ သင်ပြု သောဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် […]

၂၇.၁၁.၂၀၁၈

၂၇.၁၁.၂၀၁၈

ယောရှုမှတ်စာ။ ၂၄:၁၄-၂၄ ၁၄ယခုမှာ ထာဝရဘုရားကို ကြောက်ရွံ့၍ ကြည်ဖြူ ခြင်း၊ သစ္စာစောင့်ခြင်းနှင့်တကွ ဝတ်ပြုကြလော့။ မြစ်ကြီး တဘက်၌၎င်း၊ အဲဂုတ္တုပြည်၌၎င်း၊ ဘိုးဘေးတို့ဝတ်ပြု သော ဘုရားများကို ပယ်၍ ထာဝရဘုရားကိုသာ ဝတ်ပြု ကြလော့။ ၁၅သို့မဟုတ် ထာဝရဘုရားအား ဝတ်မပြုကောင်း ဟု သင်တို့ထင်လျှင်၊ မြစ်ကြီးတဘက်၌ ဘိုးဘေးတို့ဝတ်ပြု သောဘုရား၊ သင်တို့နေရာ အာမောရိပြည်သားတို့၏ ဘုရားများတွင်၊ အဘယ်မည်သော ဘုရားတို့အား ဝတ်ပြု မည်အရာကို ယနေ့ ရွေးကြလော့။ ငါနှင့် ငါ့အိမ်သားဖြစ် လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်ဟု ဆိုလေသော်၊ ၁၆လူများတို့က အခြားတပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှါ ထာဝရဘုရားကို စွန့်သောအမှုသည် အကျွန်ုပ်တို့နှင့် ဝေးပါစေသော။ ၁၇ငါတို့ဘုရားသခင် […]

၂၆.၁၁.၂၀၁၈

၂၆.၁၁.၂၀၁၈

ကမ္ဘာဦးကျမ်း ၇:၁-၁၀ ၁ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည် ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ကြလော့။ ၂မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ် စေခြင်းငှါ၊ စင်ကြယ်သော aသားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သော သားမျိုး၊ တမျိုး တမျိုးတွင်လည်း အထီးမနှစ်စုံစီ၊ ၃မိုဃ်းကောင်းကင်ငှက်၊ တမျိုးမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးသီးတို့ကို သိမ်းယူရမည်။ ၄အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့ မိုဃ်း ရွာစေမည်။ ငါဖန်ဆင်းသော သတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။ ၅မှာထားတော်မူသည်အတိုင်းလည်း နောဧ ပြုလေ၏။ ၆မြေကြီးကို […]

၂၅.၁၁.၂၀၁၈

၂၅.၁၁.၂၀၁၈

ထွက်မြောက်ရာကျမ်း။ ၁၂:၂၄-၃၂ ၂၄သင်တို့နှင့် သင်တို့၏သားများ၌ ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲ စောင့်ရကြမည်။ ၂၅ဂတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားပေးတော်မူလတံ့သောပြည်သို့ သင်တို့သည် ရောက်ကြ သောအခါ ဤဝတ်ကို ပြုရမည်။ ၂၆သင်တို့၏ သားမြေးတို့က၊ ဤဝတ်ကိုပြု၍ အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းကြလျှင်၊ ၂၇ထာဝရဘုရားသည် အဲဂုတ္တုလူတို့ကို ဒဏ်ခတ်၍၊ ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါ၊ အဲဂုတ္တုပြည်၌ ဣသရေလအမျိုးသားတို့၏အိမ်များကို လွန်သွားတော်မူသော ထာဝရဘုရား၏ ပသခါယဇ် ဖြစ်သတည်းဟု ပြန်ပြောရကြမည်ဟု မောရှေဆိုပြီးလျှင်၊ ထိုသူတို့သည် ဦးညွတ်ချ၍ ကိုးကွယ်ကြ၏။ ၂၈ထိုသို့ မောရှေနှင့် အာရုန်တို့ကို ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ပြုကြ၏။ ၂၉သန်းခေါင်အချိန်၌၊ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍ ထောင်ထဲမှာ […]

၂၄.၁၁.၂၀၁၈

၂၄.၁၁.၂၀၁၈

ထွက်မြောက်ရာကျမ်း။ ၁၂:၁-၁၁ ၁ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊ ၂ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပဌမလဖြစ်ရမည်။ ၃သင်တို့သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက် နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တအိမ်ထောင်လျှင် သိုးသငယ်တကောင်စီ ယူရမည်။ ၄အိမ်ထောင်ငယ်၍ သိုးသငယ်တကောင်နှင့် မတန်လျှင်၊ နီးစပ်သော အိမ်နီးချင်းနှင့် စပ်ဘက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင်၊ တကောင်ကို စားလောက်သောသူများကို ထောက်၍ သိုးသငယ် တကောင်ကို ယူရမည်။ ၅သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသော အကောင်သည် အပြစ်မပါ၊ အခါမလည်သော အထီးဖြစ်ရမည်။ ၆ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဦးအချိန်၌ ဣသရေလအမျိုး အစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။ […]

၂၃.၁၁.၂၀၁၈

၂၃.၁၁.၂၀၁၈

ယောရှုမှတ်စာ။ ၄:၁၄-၂၄ ၁၄ထိုနေ့၌ ထာဝရဘုရားသည် ဣသရေလအမျိုး သားအပေါင်းတို့ရှေ့မှာ ယောရှုကို ချီးမြှင့်တော်မူ၍၊ သူတို့ သည် မောရှေကို ကြောက်ရွံ့သကဲ့သို့ ယောရှုကိုလည်း သူ၏အသက်တည်သည် ကာလပတ်လုံးကြောက်ရွံ့ကြ၏။ ၁၅တဖန် ထာဝရဘုရားက၊ သက်သေခံချက် သေတ္တာတော်ကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ ၁၆ယော်ဒန်မြစ်ထဲက တက်လာရမည် အကြောင်း၊ ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊ ၁၇ယော်ဒန်မြစ်ထဲက တက်လာကြလော့ဟု ယဇ်ပု ရောဟိတ်တို့အား ယောရှုသည် ဆင့်ဆိုလေ၏။ ၁၈ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာကို ထမ်း သော ယဇ်ပုရောဟိတ်တို့သည်၊ ယော်ဒန်မြစ်အလယ်ထဲ က တက်လာ၍၊ ခြေဘဝါးတို့သည် ကုန်းကို နင်းမိကြ သောအခါ၊ ယော်ဒန်မြစ်ရေသည် မိမိနေရာသို့ ပြန်လာ၍၊ အရင်ကဲ့သို့ ကမ်းတရှောက်လုံးကို လျှံလျက်နေ၏။ […]

၂၂.၁၁.၂၀၁၈

၂၂.၁၁.၂၀၁၈

ကမ္ဘာဦးကျမ်း ၁၈:၁၇-၁၉ ၁၇ထာဝရဘုရားကလည်း၊ ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော။ ၁၈အာဗြဟံသည် ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံ သော လူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ ၁၉အကြောင်းမူကား၊ သူသည် မိမိနောက်၌ ဖြစ်သော သားများ၊ အိမ်သူများတို့အား ပညတ်မည်အရာ ကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏ တရား လမ်းသို့ လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့် မည်။ သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရ ဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။ လံာ်စီၤမိၤရှ့အခီၣ်ထံးတဘ့ ၁၈:၁၇-၁၉ 17 ဒီးယွၤစံးဝဲဒၣ်, တၢ်လၢယကမၤတၢ်အံၤ, ယကပာ် ခူသူၣ်လၢစီၤအၤဘြၤဟၣ်ဧါ. 18 ဒီးစီၤအၤဘြၤဟၣ်ကကဲ ထီၣ် […]

၂၁.၁၁.၂၀၁၈

၂၁.၁၁.၂၀၁၈

သုတ္တံကျမ်း။ ၂၂:၁-၆ ၁ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။ ၂ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။ ၃သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ် အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။ ၄စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားကို ကြောက်ရွံ့ ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကို ရတတ်၏။ ၅သဘောကောက်သောလူ သွားရာလမ်း၌၊ ဆူး ပင်များနှင့် ကျော့ကွင်းများရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာ ရှောင်သွားလိမ့်မည်။ ၆သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။ တၢ်ကတိၤဒိ ၂၂:၁-၆ […]

၂၀.၁၁.၂၀၁၈

၂၀.၁၁.၂၀၁၈

ဆာလံကျမ်း ၇၈:၁-၈ ၁ငါ၏လူများတို့၊ ငါ့တရားကို နာကြလော့။ ငါမြွက်သော စကားကို နားထောင်ကြလော့။ ၂ပုံစကားကို ငါမြွက်ဆို၍၊ ရှေးကာလ၏ နက်နဲ သော အရာများကို ဘော်ပြပေအံ့။ ၃ဘိုးဘေးတို့သည် ပြော၍ ငါတို့သည် ကြားသိရ သော ထိုအရာများကို၊ ၄သားမြေးတို့မှ မဝှက်မထား။ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့် တန်ခိုးတော်ကို၎င်း၊ ပြုတော်မူ သော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ ဖြစ်လတံ့သောသူတို့အား ဘော်ပြကြမည်။ ၅အကြောင်းမူကား၊ ယာကုပ်အမျိုး၌ သက်သေ တရားကိုစီရင်၍၊ ဣသရေလအမျိုး၌ ပညတ်တရားကို ထားတော်မူ၏။ ၆သဘောမဖြောင့်၊ ၇ဘုရားသခင်၌ စိတ်ဝိညာဉ် အမြဲမဆည်းကပ် သောအမျိုး၊ ၈ငြင်းဆန်၍ ပုန်ကန်တတ်အမျိုးတည်းဟူသော ဘိုးဘေးတို့ကဲ့သို့ သားမြေးတို့သည် မဖြစ်၊ ဘုရားသခင် အမှုတော်တို့ကို […]