Slider

Month: January 2018

ဟေရှာယအနာဂတ္တိကျမ်း။ ၄၅:၅-၁၂

ဟေရှာယအနာဂတ္တိကျမ်း။ ၄၅:၅-၁၂

၅ငါတပါးတည်းသာ ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။ သင်သည် ငါ့ကို မသိသော်လည်း၊ သင်၏ခါးကို ငါစည်း၏။ ၆သို့ဖြစ်၍ ငါမှတပါး အခြားသော ဘုရားမရှိ၊ ငါတပါးတည်းသာ ထာဝရဘုရား ဖြစ်ကြောင်းကို၊ နေထွက်ရာအရပ်သားနှင့် အနောက်မျက်နှာသားတို့ သည် သိရကြလိမ့်မည်။ ၇ငါသည် အလင်းကိုလုပ်၏။ အမိုက်ကိုလည်း ဖန်ဆင်း၏။ ငြိမ်သက်ခြင်းကို ဖြစ်စေ၏။ အမင်္ဂလာ ကိုလည်း ဖန်ဆင်း၏။ ခပ်သိမ်းသော အမူအရာတို့ကို ငါထာဝရဘုရား ပြုတော်မူ၏။ ၈မိုဃ်းကောင်းကင်တို့၊ အထက်မှယိုကြလော့။ မိုဃ်းတိမ်တို့သည် တရားမိုဃ်းရွာကြစေ။ မြေကြီးသည် ပွင့်၍ ကယ်တင်ခြင်းအသီးကို သီးစေ။ ဖြောင့်မတ်ခြင်း တရားသည် တပြိုင်နက်ပေါက်စေ။ ထိုသို့ ငါထာဝရ ဘုရား ဖန်ဆင်း၏။ ၉အကြင်သူသည် […]

တိမောသေ​ဩဝါဒစာ​ပဋ္ဌမစောင် ၄:၁-၆

တိမောသေ​ဩဝါဒစာ​ပဋ္ဌမစောင် ၄:၁-၆

၁ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊ ၂လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။ ၃မင်္ဂလာဆောင်ခြင်းအမှုကို မပြုရဟူ၍၎င်း၊ ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော အစာမျိုးကိုရှောင်ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။ ၄ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ ၅ကျေးဇူးတော်ကို သိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှ မပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အားဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ၏။ ၆ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင်၊ ယုံကြည်ချက်စကား၊ […]

ရောမ​ဩဝါဒစာ။ ၈:၁၈-၂၅

ရောမ​ဩဝါဒစာ။ ၈:၁၈-၂၅

၁၈ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။ ၁၉ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ၏။ ၂၀ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။ ၂၁ဘုရားသခင်သားထူးမြတ်သော လွှတ်ခြင်း ချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။ ၂၂ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိကြ၏။ ၂၃ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်းချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။ ၂၄ငါတို့သည် […]

ကောရိန္သု​ဩဝါဒစာ​ပဌမစောင်။ ၃:၁- ၁၁

ကောရိန္သု​ဩဝါဒစာ​ပဌမစောင်။ ၃:၁- ၁၁

၁ညီအစ်ကိုတို့၊ အထက်က ငါသည် ဝိညာဉ်လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြော ရသော အခွင့်မရှိဘဲ၊ ဇာတိပကတိ လူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့ သို့ ဟောပြောရ၏။ ၂ယခုတိုင်အောင်သင်တို့သည် ခဲဘွယ်စားဘွယ်ကို မကြေနိုင်သောကြောင့် ငါမကျွေးရ၊ နို့ကိုသာ တိုက် ရ၏။ ယခုပင်လည်း၊ သင်တို့သည် မကြေနိုင်ကြသေး။ ၃ယခုပင်လည်း၊ ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည်ဇာတိပကတိ လူဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ ၄တယောက်က၊ ငါသည်ပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ တယောက်က၊ ငါသည်အာပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးသီးပြောကြလျှင်၊ ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လော။ ၅ပေါလုကားအဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ […]

ဟေရှာယအနာဂတ္တိကျမ်း။ ၆၄:၂- ၉

ဟေရှာယအနာဂတ္တိကျမ်း။ ၆၄:၂- ၉

၂မီးသည်အမှိုက်ကို လောင်သကဲ့သို့၎င်း၊ ရေကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူတို့သည် နာမတော်ကို သိ၍၊ ရှေ့တော်၌ လူအမျိုး မျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။ ၃အကျွန်ုပ်တို့ မြော်လင့်သည်ထက်၊ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။ ၄ကိုယ်တော်ကို မြော်လင့်သောသူတို့အဘို့အလိုငှါ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်မမြင်စဖူးပါ။ ၅ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော်ကို အောက် မေ့သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယ ဖွဲ့တော် မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် […]

ဟေဗြဲ​ဩဝါဒစာ။ ၁:၆- ၁၂

ဟေဗြဲ​ဩဝါဒစာ။ ၁:၆- ၁၂

၆တနည်းကား၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင် တမန်အပေါင်းတို့သည် ထိုသူကို ပြတ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။ ၇တနည်းကား၊ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါးတို့ကို မီးလျှံကဲ့သို့၎င်း၊ ဖြစ်စေတော်မူထ သောဟု ကောင်းကင်တမန်တို့ကို ရည်ဆောင်၍ ဆိုသတည်း။ ၈သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော် ၏ နိုင်ငံသည် တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။ ၉ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်၍၊ မတရားသောအမှုကို မုန်းတော်မူ၏။ ထိုကြောင့် အိုဘုရားသခင်၊ ကိုယ်တော်၏ ဘုရားသခင်သည် ကိုယ်တော်၏ အပေါင်းအဘော်တို့ထက် ကိုယ်တော်ကို ချီးမြှောက်၍၊ ဝမ်းမြောက်ခြင်းဆီနှင့် ဘိသိက် ပေးတော်မူပြီဟု လာသတည်း။ ၁၀တဖန် […]

ဧဖက်​ဩဝါဒစာ။ ၃:၉-၁၉

ဧဖက်​ဩဝါဒစာ။ ၃:၉-၁၉

၉သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။ ၁၀အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊ ၁၁ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိကြရမည် အကြောင်းတည်း။ ၁၂ထိုသခင်ကိုယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ။ ၁၃ထိုကြောင့် သင်တို့၏အသရေကို ပြုစု၍ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကို မြင်လျှင်၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့်။ ၁၄အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တအိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊ ၁၅ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။ ၁၆ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် […]

ကောရိန္သု​ဩဝါဒစာ​ပဌမစောင်။ ၈:၅-၉

ကောရိန္သု​ဩဝါဒစာ​ပဌမစောင်။ ၈:၅-၉

၅ဘုရားများ၊ အရှင်များဟုဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်ဝေါ် သမုတ်သော သူအများရှိသော်လည်း၊ ၆အကြင်ဘုရားသခင်အထဲက ခပ်သိမ်းသော အရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့အလိုငှါ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင်တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ်တပါးတည်းသာငါတို့၌ရှိတော်မူ၏။ ၇သို့သော်လည်း ထိုဥာဏ်ကို လူတိုင်းမရ။ အချို့ သော သူတို့သည် ယခုတိုင်အောင်ရုပ်တုရှေ့၌ ပူဇော် သော ယဇ်ကောင်ကိုစားသော်၊ ရုပ်တုကို ထောက်သော စိတ်နှင့်စားကြသည်ဖြစ်၍၊ သူတို့၌ကိုယ်ကို ကိုယ်သိသော စိတ်သည်အားနည်းသောကြောင့် ညစ်ညူးခြင်းသို့ ရောက်တတ်၏။ ၈အစားအသောက်အားဖြင့် ဘုရားသခင်ရှေ့မှာ မျက်နှာရသည်မဟုတ်။ အစားကိုသုံးကာမျှဖြင့် မြတ်သည် မဟုတ်။ ရှောင်ကာမျှဖြင့် ယုတ်သည်မဟုတ်။ ၉သို့သော်လည်း၊ သင်တို့အခွင့်ကိုအားနည်းသော သူတို့၌ […]

တမန်တော်ဝတ္ထု။ ၁၄:၁၅-၂၂

တမန်တော်ဝတ္ထု။ ၁၄:၁၅-၂၂

၁၅အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကိုဟောပြောကြ၏။ ၁၆ရှေးလွန်လေပြီးသောကာလတို့၌၊ လူအမျိုးမျိုးတို့သည် မိမိတို့ အလိုအလျောက် ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။ ၁၇သို့သော်လည်း၊ သင်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့် ဝပြော၍ဝမ်းမြောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင်မှ မိုဃ်းရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သော ဥတုကိုပေးတော်မူသော အားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူဟု ပေါလုနှင့် ဗာနဗသည်ကြွေးကြော် လေ၏။ ၁၈ထိုသို့ကြွေးကြော်သဖြင့် လူအစုအဝေးတို့သည် ယဇ်ပူဇော်ခြင်းကို မပြုရမည်အကြောင်း မြစ်တားခဲသော အမှုကိုမြစ်တားလေ၏။ ၁၉ထိုအခါ ယုဒလူတို့သည် […]

ဆာလံကျမ်း ၁၀၂:၁၆-၂၈

ဆာလံကျမ်း ၁၀၂:၁၆-၂၈

၁၆ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။ ၁၇ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။ ၁၈ထိုအကြောင်းအရာကို နောက်ဖြစ်လတံ့သော လူမျိုးအဘို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတံ့သော လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ ၁၉-၂၂ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။ ၂၃လမ်းခရီး၌ ငါ၏အစွမ်းကို လျော့စေခြင်းငှါ၎င်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း ပြုတော်မူသော အခါ၊ ၂၄ငါလျှောက်သော […]